No 8, Yadanar Street, Ward 3, Hledan, Kayamut Township,Yangon, Myanmar.
+95 1 503 705, +95 9 250 703 185
  • ဗမာစာ
  • English
  • MultiMedia

    Job Readiness Training In collaboration with CARE Myanmar INGO ( HLaing Thar Yar , Jan – Feb , 2016)

    လှိုင်သာယာရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ် လုပ်ကိုင်နေကြ သော ရွှေ့ပြောင်းအမျိုးသမီးများအတွက် CARE Myanmar INGO နှင့်ပူးပေါင်းကာ အလုပ်အကိုင် ရှာဖွေခြင်းနှင့် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်း (Job Readiness Training) သင်တန်း (၂)ခုအား ဇန်နဝါရီလ ၁၂ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့ အထိ ပြုလုပ်ခဲ့ပါသည်။ ထိုသင်တန်းနှစ်ခုမှာ ကြားရက်(၃)ရက် သင်တန်းတစ်ခု (CARE Myanmar မှ ၀န်ထမ်းများအား ဆရာဖြစ် သင်တန်း) နှင့် အပါတ်စဉ် တနင်္ဂနွေ(၃)ရက်သင်တန်း (ရွှေ့ပြောင်းအမျိုးသမီးများ) တစ်ခုတို့ဖြစ်ပြီး သင်တန်းသူ/သား ဦးရေ စုစုပေါင်း (၂၆) ယောက်ရှိပါသည်။
    ထိုသင်တန်းတွင် အင်တာနက်နှင့် ဂျာနယ်များမှ အလုပ်အကိုင် အခွင့်အလမ်းရှာဖွေနည်းများ၊ အလုပ်လျှောက်နည်းများ၊ ကိုယ်ရေးအကျဉ်းနှင့် အပေါ်စာ ရေးသားနည်းများ၊ အင်တာဗျူး ဖြေဆိုနည်းများ၊ မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းနှင့် ပတ်သက် သည့် သင်ခန်းစာများ၊ လူမှုပေါငး်သင်းဆက်ဆံရေး နည်းလမ်း များ နှင့် လူရှေ့ထွက်စကားပြောခြင်းတို့အား လေ့ကျင့်ခန်းများ ပြုလုပ်ပြီး သင်ကြားပို့ချပေးခဲ့ပါသည်။ ထို့နောက် သင်တန်းဆင်းပွဲတွင် စာပေဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များနှင့် myjobs.com.mm အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအား ဖိတ်ကြားကာ အလုပ်အကိုင်အခွင့်အလမ်းများအား ဖန်တီး ပေးခဲ့ပါသည်။
    သင်တန်းပြီးဆုံးပြီးချိန်တွင် အမျိုးသမီး (၉)ဦးမှာ လုပ်ငန်းခွင်သို့ ချက်ချင်းဝင်ရောက်နိုင်ခဲ့ပါသည်။ Brac Myanmar Microfinance Co.,Ltd တွင် Credit Officer အဖြစ် (၄)ဦး၊ Gold Power Group of Companies တွင် စာရေးမအဖြစ် (၂)ဦး၊ Win Co.,Ltd တွင် (၂)ဦးတို့ အလုပ်လုပ်ကိုင်လျှက်ရှိ ပါသည်။

    © 2024 All Rights Reserved. Moving Forward Together
    Powered By Source Code.